ကံမမြို့၌ ၂၀၂၆ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ကံမ မတ် ၃၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၃)ရပ်ကွက်၊ ယွန်းကျောင်း ပရိယတ္တိစာသင်တိုက်၌ ၂၀၂၆ ခုနှစ် အစိုးရ ပါဠိပထမပြန် စာမေးပွဲကို ယမန်နေ့ မွန်းတည့်(၁၂) နာရီက စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ဖြေဆိုရာတွင် အခြေပြုမူလတန်း၌ ရဟန်း (၁) ပါး သာမဏေ (၁၁) ပါး၊ ပထမငယ် တန်း၌ ရဟန်း (၃) ပါး သာမဏေ (၉) ပါး၊ ပထမလတ်တန်း၌ ရဟန်း (၃) ပါး သာမဏေ (၄) ပါးနှင့် ပထမကြီးတန်း၌ ရဟန်း (၈) ပါး စုစုပေါင်း စာဖြေသံဃာ (၃၉) ပါး ဝင်ရောက်ဖြေဆိုပြီး စာမေးပွဲကြီးကြပ်ဆရာတော်များနှင့် စာမေးပွဲဖြေဆိုသည့် သံဃာတော်များအား စာမေးပွဲဖြေဆိုသော ကာလအတွင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ ဆွမ်းကွမ်းဝေယျာဝစ္စများအား ဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)