နတ်မောက်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲကျင်းပ

နတ်မောက် မတ် ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးများမှ ပဠိပထမပြန်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရန်အခြေပြု မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာရင်းသွင်းရဟန်းသာမဏေ (၁၉၂) ပါးရှိပြီး စာဖြေရဟန်းသာမဏေ (၁၄၃) ပါး ဝင်ရောက် ဖြေဆိုလျက်ရှိရာ ပျက်ကွက်ရဟန်းသာမဏေ(၄၉) ပါးရှိသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကိုမတ်လ(၂၉)ရက်နေ့မှ ဧပြီလ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဆရာတော်ကြီးများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း