ဗိုလ်တထောင် မတ် ၃၀
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရင်ပြင်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံ၌ ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ် ၂၉ ရက် ၁၂ နာရီမှ ၃ နာရီထိ ဖြေဆိုရာ မြန်မာဂုဏ်ထူးဖြေဆိုသံဃာစာရင်းရှိ ၁၆ ပါး ဖြစ်ပြီး ဖြေဆို ၁၀ ပါး ဖြစ်၍ ပျက်ကွက် ၆ ပါး၊ ဝိနည်းကျင့်ဝတ် / သုကုမာရမဂ္ဂဒီပနီ ပထမကြီးတန်းစာရင်းရှိ ၃ ပါး၊ ဖြေဆို ၂ ပါး၊ ပျက်ကွက် ၁ ပါး၊ ဘိက္ခုပါတ်မောက်ဘာသာ / ဓမ္မပဒပထမလတ်တန်းစာရင်းရှိ ၅ ပါး၊ ဖြေဆို ၄ ပါး၊ ပျက်ကွက် ၁ ပါး၊ ဒွေမာတိကာဘာသာ / ဓမ္မပဒ ပထမငယ်ဖြေဆိုစာရင်းရှိ ၁၇ ပါး၊ ဖြေဆို ၁၅ ပါး ၊ ပျက်ကွက် ၂ ပါး၊ ဒွေမာတိကာဘာသာ / ဓမ္မပဒအခြေပြုမူလတန်းစာရင်းရှိ ၁၄ ပါး ဖြေဆို ၁၄ ပါးဖြစ်ကြောင်း သိရသည်။
ထိုအစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရာသို့ ကြီးကြပ်ရေးအဖွဲ့ဩဝါဒစရိယဆရာတော် (၄) ပါး၊ အထူးကြီးကြပ်ဆရာတော် (၈) ပါးနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော် (၁၃) ပါး စုစုပေါင်းကြီးကြပ်ဆရာတော်၂၅ ပါးဖြင့် ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ထိုကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာတော်များအား ဆွမ်းနှင့်အအေးများဆက်ကပ်ကြခြင်း၊ ဓမ္မာစရိယစာမေးပွဲဖြေဆိုနေမှုအခြေအနေအား တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိနှင့် တိုင်းကြီးကြပ်ဆရာတော်များမှလာရောက်ကြီးကြပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)