ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းပြိုင်ပွဲ ကျင်းပ

ဘားအံ  မတ် ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့၌  နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရေး၊  ပန်းချီရေးဆွဲနည်းအခြေခံသဘောတရားများ၊ အရောင်များအသုံးပြုပုံများကိုသိရှိစေရန်နှင့် စိတ်ရှည်မှု၊ ကြိုးစားအားထုတ်မှုနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေရန်အတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ် ၁၀ ရက်မှ ဖွင့်လှစ်သင်ကြားခဲ့ရာ သင်တန်းသား/သင်တန်းသူများ၏ သင်ခန်းစာဆန်းစစ်မှု အခြေခံပန်းချီရေးဆွဲနည်းပြိုင်ပွဲကို ယနေ့နံနက်၈နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပသည်။

ပြိုင်ပွဲ၌ ပန်းချီဆရာ ဦးစောနောင်စိုးက ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး  မူလတန်းအဆင့်တွင် ကျွန်ုပ်နှစ်သက်ဆုံးပန်းချီခေါင်းစဉ်ဖြင့် လည်းကောင်း၊  အလယ်တန်းအဆင့်တွင် လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ သင်တန်းသား/သင်တန်းသူ (၅၀)  ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယဆု၊ အထူးဆု(၂)ဆု  ရွေးချယ်၍ ဆုများပေး အပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)