တိုက်ကြီးမြို့နယ် မှန်ပြတောင်ရေရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်

တိုက်ကြီး မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာ၊ မှန်ပြတောင်ပေါ်၌ တည်ထားကိုးကွယ်သည့်စေတီတော်တွင် ရေရှိရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မှန်ပြတောင်ပေါ်၌ ရာသီမရွေး ရေရရှိရေးအတွက် အရှည် ပေ ၆၀၀၊ အကျယ် ၄ လက်မခွဲ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း၊ ဂါလံ ၂၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းနှင့် အရှည်ပေ ၃၀၀၀ ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းများ အချိန်မီပြီးစီးရေးဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက မှန်ပြတောင်ပေါ်ရှိ စေတီတော်များတွင် ရေများဖူလုံစွာရရှိသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)