ထန်းတပင် မတ် ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းလွန်သခင်မြစာသင်ကျောင်းတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်၊ မြို့နယ်ပညာရေးမှူးကိုယ်စား ဦးဇာဏီမောင် ဒုတိယမြို့နယ်ပညာရေးမှူး (စီမံ / ဘဏ္ဍာ) နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဝင်များက အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်း တက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
ထို့နောက် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာသင်တန်းတက်ရောက်ကြသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်အမျိုးသမီရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်မျာ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အာဟာရဖြည့်ပဲနို့နှင့် ပေါင်မုန့်ထုပ်များဝေငှပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)