ကန့်ဘလူမြို့၌ ကိုယ်ပိုင်အထက်တန်းဆင့် သင်ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကန့်ဘလူ မတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ပေါ်ရှိ ကိုယ်ပိုင်အထက်တန်းဆင့် သင်ကျောင်းများသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများကို မတ် ၂၉ ရက်နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဌေးဝင်း ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမိုးကျော်သူနှင့် တပ်ဖွဲ့ဝင်များက ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဓူဝံကိုယ်ပိုင်အထက်တန်းဆင့်သင်ကျောင်းသို့ သွားရောက်ပြီး ကျောင်းနှင့်ပတ်သက်ပြီး ပြည့်စုံရမည့်အချက်များ၊ မီးသတ်ဆေးဘူးထားရှိမှု၊ မီးသတ်ရေကန်၊ မီးချိတ်မီးကပ်များ၊ သဲထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ကျောင်းတာဝန်ရှိသူများအား အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)