လိပ်သို မတ် ၃၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြရာ မရမ်းသီးစိုက်ပျိုးသူတောင်သူများ မရမ်းသီးမှည့် ဝယ်လိုအားနည်းချိန်တွင် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချလျက်ရှိသည်။
မရမ်းသီးများကို ထက်ခြမ်းခွဲ၍အစေ့ထုတ်ကာ အခြောက်လှန်းပြီး မရမ်းသီးခြောက် ပြုလုပ်ကြကြောင်း၊ မရမ်းသီးခြောက်များကို မရမ်းယိုပြုလုပ်ရာတွင်လည်းကောင်း၊ ရောင်းချရာတွင် မရမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ဈေးရရှိကြောင်း သိရသည်။
လိပ်သိုဒေသသည် နှစ်ရှည်သီးနှံပင်မျိုးစုံ စိုက်ပျိုးထွက်ရှိပြီး လမ်းပန်းဆက်သွယ်ရေးအရ တောင်ငူ-လိပ်သို-လွိုင်ကော်ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိနေ၍ ဒေသထွက်သီးနှံများကို ဒေသတွင်းသာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့ကြီးများသို့ အလွယ်တကူ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။
နော်ဖလောရင်း