ပခုက္ကူ မတ် ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲ တော်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ ယိမ်းအဖွဲ့များ ကပြဖျော်ဖြေနိုင်ရေး၊ ပွဲတော်ကာလအတွင်း သွားလာမှုအဆင်ပြေချောမွေ့စေရေးအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးက မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်များ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး၊ စတုဒိသာကျွေးမွေးနိုင်ရေးစီစဉ်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက်ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)