အုတ်တွင်း မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သံဃနာယကအဖွဲ့မှဦးစီးကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးပွဲ (ပထမနေ့) တွင် စာဖြေသံဃာတော်များအခက်မခဲမရှိဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကကြီးကြပ်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပရဟိတအသင်းအဖွဲ့များက ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။
အုတ်တွင်းမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရန် စာရင်းရှိ စာဖြေသံဃာတော်ပထမကြီးတန်း (၁၃) ပါး၊ ပထမလတ်တန်း (၁၄) ပါး၊ ပထမငယ်တန်း (၂၄) ပါး၊ အခြေပြုမူလတန်း (၃၈) ပါး စုစုပေါင်း (၈၉) ပါးရှိရာ ယနေ့ စာဖြေသံဃာတော်ပထမအကြီးတန်း (၁၂) ပါး၊ ပထမလတ်တန်း (၁၄) ပါး၊ ပထမငယ်တန်း (၂၃ ) ပါး၊ အခြေပြုမူလတန်း (၃၂) ပါး စုစုပေါင်းစာဖြေသံဃာတော် (၈၁) ပါး ဝင်ရောက်ဖြေဆိုကြပြီး ပျက်ကွက်သံဃာတော် (၈) ပါးရှိသည်။
အုတ်တွင်းမြို့နယ်တွင်၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၉) ရက် နေ့မှ ဧပြီလ (၄) ရက်နေ့ထိ ခုနစ်ရက်ကြာ ဘာသာရပ်အလိုက်ဖြေဆိုသွားမည်ဖြစ်ပါကြောင်းနှင့် စာဖြေသံဃာများ၊ စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကဆရာတော်ကြီးများအပါး (၁၀၀) ကျော်နှင့် တက်ရောက်ကြည်ညိုကြသော ဧည့်ပရိ သတ်တို့အား ယနေ့အုတ်တွင်းတပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးကြီး နေလင်းအောင်နှင့် ဒေါ်ယဥ်ယဥ်သန့်တို့အားအမှူးထား၍ တပ်ရင်း / တပ်ဖွဲ့မိသားစုတို့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် အဆိုပါ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲဖြေဆိုရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များကလည်း နေ့စဥ်ဆွမ်း၊ ခဲဖွယ်၊ ဘောဇဥ်တို့ကို ဆက်ကပ်လှူဒါန်းပေးသွားမည်ဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် သံဃာတော်များအား ဧပြီလ (၅) ရက်နေ့ စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် စာအောင်ဆုရသံဃာတော်များအား စာအောင်ဆု ၊ နဝကမ္မ၊ သင်္ကန်း ၊ ပရိက္ခရာအစရှိသော လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းပူဇော်သွားမည်ဖြစ်ပါကြောင်း သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)