ဝေါမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများ ဖြေဆို

ဝေါ မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို မတ်လ ၂၉ ရက်နေ့မှစတင်ကာ ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၌ ဖြေဆိုခဲ့ကြောင်းသိရသည်။

စာမေးပွဲတွင် အခြေပြုမူလတန်းသာမဏေစာရင်းရှိ (၃၆)ပါး၊‌ ဖြေဆို (၃၄)ပါး၊ ပျက်ကွက် ()ပါး၊ ပထမငယ်တန်း ရဟန်း၊ သာမဏေစာရင်းရှိ (၂၅)ပါး၊ ဖြေဆို (၂၂)ပါး၊ ပျက်ကွက် ()ပါး၊ ပထမလတ်တန်းတွင် ရဟန်း၊ သာမဏေစာရင်းရှိ (၁၂)ပါး၊‌ ဖြေဆို ()ပါး၊ ပျက်ကွက် ()ပါးပထမကြီးတန်းတွင် ရဟန်း၊ သာမဏေစာရင်းရှိ ()ပါး၊ ဖြေဆို ()ပါးပျက်ကွက် (၂)ပါး စုစုပေါင်းစာရင်းရှိ (၇၉)ပါးတွင် ရဟန်း၊ သာမဏေ (၆၆)ပါး ဝင်ရောက်ဖြေဆိုပြီး (၁၃)ပါး ပျက်ကွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို မတ်လ (၂၉)ရက်နေ့မှ ဧပြီလ()ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး၊ စာဖြေသံဃာတော်များအား ကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာနုဂ္ဂဟအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများက လိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)