သံတောင်ကြီး မတ် ၃၁
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာဉယျာဉ်ခြံ လုပ်ငန်းဖြစ်သော နှစ်ရှည်ပင်သီးနှံများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မရမ်းသီးပင် စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုအချိန်တွင် မရမ်းသီးအစိုများ ဝယ်လိုအားနည်းခြင်းကြောင့် မရမ်းသီးခြောက်များ ပြုလုပ်ရောင်းချသူများအပိုဝင်ငွေရရှိကြောင်း သိရသည်။
မရမ်းသီးမှည့်များကို နှစ်ခြမ်းခွဲ၍ အစေ့ထုတ်ကာအခြောက်လှမ်းကြသည်။ ထို့နောက်မရမ်းသီး ခြောက်များကို မရမ်းယိုပြုလုပ်ရာတွင်လည်းကောင်း၊ဟင်းချက်ရာ၌ အသုံးပြုပြီး ဒေသခံပြည်သူများ ကြိုက်နှစ်သက်သည့်စားအစာတစ်မျိုးဖြစ်သည်။ မရမ်းသီးခြောက်များသည် ယခုအချိန်တွင် ဝယ်လိုအားကောင်းသည့်အတွက် သံတောင်ကြီးမြို့ပေါ်တွင် သာမက တောင်ငူမြို့ရှိ အသီးအနှံရောင်းဝယ်သူများထံ သွားရောက်ရောင်းချပြီး တစ်ပိဿာလျှင် ကျပ် (၈၀၀၀) မှ ကျပ် (၉၀၀၀)ထိရရှိသောကြောင့် မရမ်းသီးခြောက်လုပ်ကိုင်သူများမှာ မိသားစုအပိုဝင်ရရှိကြောင်း မရမ်းသီးခြောက်လုပ်ကိုင်သူ ဒေါ်စီဖေါရာထံက သိရသည်။
နော်နော်မူ