လှိုင်သာယာ မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်အတွင်း အမှတ် (၈) ရပ်ကွက် Asia energy ၊ အမှတ် (၇) ရပ်ကွက် DENKO ၊ TERMINAL နှင့် အမှတ် (၅) ရပ်ကွက် မွန်းဆန်းစက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှုအခြေအနေတို့ကို မတ် ၂၉ ရက်နေ့ နံနက် (၁၀) နာရီတွင် တာဝန်ရှိသူများက လိုက်လံစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ Asia energy ၊ DENKO ၊ TERMINAL နှင့် မွန်းဆန်းစက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီရောင်းချရာတွင် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းဖြင့် ရောင်းချမှုအခြေအနေ၊ စက်သုံးဆီကို သတ်မှတ်ပမာဏများအတိုင်း ရောင်းချပေးမှု၊ စက်သုံးဆီများ သိုလှောင်ထားမှုနှင့် ဖြန့်ဖြူးမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များအား မှာကြားလျက်ရှိကြောင်း သိရသည်။
ခင်၀င်းမူ (ပြန်/ဆက်)