နတ်တလင်း မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက် မွန်းတည့် ၁၂ နာရီက ဇီးကုန်းလေးရပ်ကွက်၊ ရန်ကုန် ပြည်ကားလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရားကြီး သာသနရက္ခိတကျောင်းဆောင်၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်ကြီးများအမှူးပြုလျက် ပထမကြီးတန်း (၆) ပါး၊ ပထမလတ်တန်း (၄) ပါး၊ ပထမငယ်တန်း (၁၂) ပါး၊ အခြေပြုမူလတန်း (၂၉) ပါး စုစုပေါင်းစာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များ (၅၁) ပါး ကြွရောက်ဖြေဆိုခဲ့ကြသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက်နေ့မှ ဧပြီ ၄ ရက်နေ့အထိ ၇ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန ဝန်ထမ်းများက စာဖြေဆရာတော်သံဃာတော်များစာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)