သန်လျင်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

ရန်ကုန် မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့ မြို့နယ်သာသနာရေးဦးစီးဌာန ကြီးမှူးကျင်းပသော အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့ မွန်းတည့် (၁၂) နာရီတွင် သာသနာ့ဗိမ္မာန်တော်ကြီး၌ စတင်ဖြေဆိုလျက်ရှိသည်။

အဆိုပါအစိုးရပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်းနှင့် အခြေပြုမှုလတန်း စုစုပေါင်း (၂၀၄ ) ပါးဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာရင်းပေးသွင်းသူ သံဃာ့နှင့် သီလရှင် (၂၅၀) ပါးရှိကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

စာမေးပွဲကာလအတွင်း မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို အလှည့်ကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ