သုံးခွမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံ မှတ်ပုံတင်စနစ်အကြောင်း အသိပညာပေး

သုံးခွ မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်အကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို မတ်လ ၂၉ ရက် နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနရုံး၌ ကျင်းပသည်။

အသိပညာပေးဆွေးနွေးပွဲတွင် အခွန်ဦးစီးဌာနမှူး ဦးအောင်ဝင်းက ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register CEIR) ၏အကျိုးကျေးဇူးများ၊ CEIR စနစ်ဖြင့် အခွန်ပေးဆောင်ခြင်းနှင့် အခွန်ပေးသွင်းနိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို အခွန်းထမ်းပြည်သူ ၁၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)