မုဒုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

မုဒုံ မတ် ၃၁

မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ () ရပ်ကွက်၊ စာစင်အလယ်ပိုင်း၊ တပင်ရွှေထီးလမ်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ နေအိမ်အပေါ်ထပ်ရှိ မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့်အနီးရှိ ထင်းပုံအား မီးကူးစက်လောင်ကျွမ်း၍ မီးစတင်လောင်ကျွမ်းပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ မုဒုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများက မီးသတ်မီးငြှိမ်းသတ်ယာဥ်၊ ရေသည်ယာဥ်များဖြင့် ဝိုင်းဝန်းပူးပေါင်း မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် အုတ်ညှပ်၊ သွပ်မိုး၊ ပျဥ်ကာ လူနေအိမ်နှစ်ထပ် အလျား (၁၅) ပေ၊ အနံ (၄၀) ပေ၊ အမြင့် (၂၀) ပေ နေအိမ်တစ်လုံးဆုံးရှုံးခဲ့ရပြီး လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)