ကျိုက်မရော မတ် ၃၁
ကျိုက်မရောမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ မှောင်ခိုစျေးကွက်မဖြစ်ပေါ်စေရေးနှင့် QR Code. ဖြင့် စက်သုံးဆီရောင်းချမှုအခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစွမ်းရည်ထက် ဦးဆောင်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ၊မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့များက ဘိန်းဗျောကျေးရွာအုပ်စုရှိ Point. 2 စက်သုံးဆီ ဆိုင်နှင့် ရေတွင်းကုန်းရှိ Ever Top စက်သုံးဆီအရောင်းဆိုင်များ အားကွင်းဆင်းစစ်ဆေးရာတွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရန်၊ တရားမဝင်ရောင်းချမှုများ မဖြစ်ပေါ်စေရန်၊ ယာဥ်တစ်စီးလျင် တစ်နေ့တစ်ကြိမ်သာရောင်းချရန် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ရောင်းချရန် မော်တော်ယာဥ်မော်တော်ဆိုင်ကယ်များအား QR Code စနစ်ဖြင့် စက်သုံးဆီရောင်းချမှုရှိစေရန်နှင့် စက်သုံးဆီဆိုင်များအား ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချပေးသွားရန်တို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)