တွံတေးမြို့တွင် နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်း သင်ယူတတ်မြောက်မှုဆန်းစစ်ချက်ဖြေဆို

တွံတေး မတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဆန်းစစ်ချက်ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီ မိနစ် ၃၀ အချိန်က Community  Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ သင်တန်းနည်းပြ ဆရာမ ဒေါ်တင်နီလာဝင်းက အခြေခံအားဖြင့် နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချတတ်စေရန် အခြေခံမှစ၍ နားလည်လွယ်​စေသည့် အင်္ဂလိပ်စကားပြောဆိုနည်းများကို ကျောင်းသား၊ ကျောင်းသူများအား သင်ကြားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုဆန်းစစ်ခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါသင်တန်းတွင် တွံတေးမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၃၅)ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း မတ်(၅)ရက်မှ (၃၁)ရက်အထိ သတ်မှတ်အချိန်ဇယားများအလိုက် ရက်သတ္တ(၄)ပတ်တာ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဆန်းစစ်ချက် စာတွေ့/ လက်တွေ့တွင် ဆုရရှိသူများအား သင်တန်းဆင်းပွဲ၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)