မော်လမြိုင်မြို့နယ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ယိမ်းအကအလှများနှင့် ပြိုင်ပွဲဝင်ယိမ်းအကများ ပါဝင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

မော်လမြိုင် မတ် ၃၁

၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မော်လမြိုင်မြို့နယ်အတွင်း လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာမော်လမြိုင် မြို့နယ်အတွင်း ဗဟိုမဏ္ဍပ်ဆောက်လုပ်ခြင်း၊ လမ်းလျှောက်သင်္ကြန်သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်များ ပြုလုပ်ဆောင်ရွက်ခြင်း၊ ရေကစားမဏ္ဍပ်များ ဆောင်ရွက်ခြင်း၊ စတုဒီတာကျွေးမွေးဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း (၁) ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း သက်ကြီးဘိုးဘွားပူဇော်ခြင်းနှင့် ဇီဝိတဒါနငါးလွှတ်ခြင်းများ ကျင်းပသွားမည်ဖြစ်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် (ဗဟို) မဏ္ဍပ်တွင် ဖျော်ဖြေရေးယိမ်းများ၊ ပြိုင်ပွဲဝင်ယိမ်းများဖြင့် အလှည့်ကျဖျော်ဖြေတင်ဆက်ယှဉ်ပြိုင် ဆောင်ရွက်သွားမည်ဖြစ်ရာ ဖျော်ဖြေရေးယိမ်းနှင့် ပြိုင်ပွဲဝင်ယိမ်းများက လှပျိုဖြူများမှ မြန်မာ့ရိုးရာသင်္ကြန်တွင် ညီညာစွာဖျော်ဖြေနိုင်ရေးအတွက် ယိမ်းအကများကို ပြည်နယ်ထွေ/အုပ်၊ ကြာအင်းကျေးရွာ၊ မြိုင်သာယာရပ်ကွက်၊ ပန်းပဲတန်းရပ်ကွက်များတို့တွင် လေ့ကျင့်လျက်ရှိနေကြကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)