ဖြူးမြို့နယ်၊ ထန်းကုန်းကျောင်းမကြီးကျောင်း၌ ယဉ်ကျေးလိမ္မာ ရက်တိုသင်တန်း ဖွင့်လှစ်သင်ကြား

ဖြူး မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ထန်းကုန်းကျောင်းမကြီးကျောင်း၌ နွေရာသီကျောင်းပိတ်ချိန် ကျောင်းသား၊ ကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာရက်တိုသင်တန်းကို မတ်လ(၂၅)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

ဖြူးမြို့နယ်၊ ထန်းကုန်းကျောင်းမကြီးတွင် ယခင်ဓမ္မစကူးဖွင့်လှစ်သင်ကြားပေးရာမှ ကိုဗစ်-၁၉ ရောဂါကြောင့် သင်ကြားမှုရပ်နားခဲ့ပြီး ယခုအခါယဉ်ကျေးလိမ္မာရက်တိုသင်တန်းကို နှစ်ကြိမ်မြောက် ဆက်လက်သင်ကြားခြင်းဖြစ်ကြောင်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းကို နေ့စဉ်မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရှိအထိ (၁၅)ရက်တိုင် KG တန်းမှ Grade-11 အရွယ် သင်တန်းသား၊ သင်တန်းသူ (၂၀၀)ကျော်ကို တန်းခွဲအလိုက်ခွဲ၍ မျိုးဆက်သစ်ရတနာများ လိမ္မာယဉ်ကျေးစေရေး သင်ကြားပေးနေပြီး စေတနာရှင်များ၏ အာဟာရကျွေးမွေးလှူဒါန်းမှုရှိကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)