ပဲခူး မတ် ၃၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သာသနာတော်သန့်ရှင်းရေးတည်တံ့ပြန့်ပွားရေး၏ အခြေခံမူရင်းဖြစ်သော ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွါးစေရန် ဓမ္မာစရိယစာမေးပွဲနှင့်၊ ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းစာမေးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ ပဲခူးမြို့တွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီအချိန်မှ စတင်၍ ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး အပေါ်ထပ်၊ အောက်ထပ်နှင့် ချမ်းမြေ့ဇေယျာ သာမဏေကျော်ကျောင်းတိုက်တို့တွင် ဒုတိယနေ့ဆက်လက်ဖြေဆိုတော်မူကြသည်။
အဆိုပါစာမေးပွဲတွင် ဓမ္မာစရိယတန်း (ပါဠိဂုဏ်ထူး) (၅)ပါး၊ ပထမကြီးတန်း (၁၃၂) ပါး၊ ပထမလတ်တန်း (၁၈၅) ပါး၊ ပထမငယ်တန်း (၃၅၅) ပါး၊ အခြေပြုမူလတန်း (၆၃၁) ပါး၊ စုစုပေါင်း (၁၃၀၈) ပါး ဖြေဆိုတော်မူကြပြီး စာဖြေသံဃာတော်များအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက နေ့စဥ် ရေသန့်၊ အချိုရည်များအား ဆပ်ကပ်လှူဒါန်းလျက်ရှိပြီး ကြီးကြပ်ဆရာတော်များနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)