သာယာဝတီမြို့နယ်၌ နွေစပါးလျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

သာယာဝတီ ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ယခုနှစ် နွေစပါးရာသီတွင် နွေစပါးလျာထားဧက (၄၅၂၃၃) ဧကကို ဇန်နဝါရီလအတွင်းမှစတင်ကာ မြို့နယ်အတွင်းရှိ တောင်သူများမှ စိုက်ပျိုးကြရာ (၄၅၃၄၅)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေစပါးများ အောင်မြင်ာဖြစ်ထွန်းနိုင်ရန်အတွက် ဒေသခံတောင်သူများနှင့် စနစ်တကျပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဒေသခံတောင်သူများ နွေစပါးကိုအခက်အခဲမရှိ စိုက်ပျိုးနိုင်ရန် သွင်းအားစုများပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေရရှိရန်နှင့် ဓာတ်မြေသြဇာများ စနစ်တကျသုံးစွဲကြရန် ကြီးကြပ်ဆောင်ရွက်ပေးခြင်းများအပြင် ပိုးမွှားကင်းစင်သည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးနိုင်ရေး သတ်မှတ်ချက်ထက် အထွက်နှုန်းပြည့်မီရန်၊ စိုက်ပျိုးရေးနည်းစနစ်မှန်ကန်စေရေး၊ ပေါင်းမြက်များကို အချိန်မီရှင်းလင်းရေး စသည့် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)