ရွှေကျင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ‌‌စောင်နှင့် စာအုပ်စာ‌စောင်ပြပွဲ ကျင်းပ

ရွှေကျင် ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရှမ်းကြေးရပ်ကွက်၊ အ.ထ.က (တပ်နယ်) ကျောင်းတွင် ယဉ်ကျေးလိမ္မာသင်းတန်းသို့ တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်က နွေရာသီကျောင်းပိတ်ရက်တွင် ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုခံရသူများနှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းများ၊ လူကုန်ကူးသူများအသုံးပြုသည့်နည်းလမ်းများ၊ လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုခံရသူများ၏ ခံစားရသည့်ဒုက္ခများစသည့် အကြောင်းအရာများကို ဟောပြောခဲ့‌သည်။ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မဒီဇော်နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အားဖြည့်အချိုရည်များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ‌လေးများအား အသိပညာဗဟုသုတတိုးပွားစေရန် သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာဖတ်ရှု့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)