သဲကုန်းမြို့နယ်တွင် ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

သဲကုန်း ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းမှစ၍ (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်တွင် ဖျော်​ဖြေတင်ဆက်မည့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များအနေဖြင့် မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမတွင် အကတိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

သဲကုန်းမြို့နယ်တွင် ယူနက်စကို (UNESCO) ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာယဉ်ကျေးမှုများနှင့်အညီ ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ပြည်သူများစိတ်ချမ်းမြေ့လုံခြုံပြီး၊ အေးချမ်းပျော်ရွှင်စွာဖြင့် (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနိုင်ရန် ဗဟိုရေကစားမဏ္ဍပ်တွင် လမ်းလျှောက်သင်္ကြန်ဖြင့် ရေပက်ကစားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး သီဆို၊ ကပြဖျော်ဖြေတင်ဆက်မည့် ရပ်ကွက်များနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များမှ အကတိုက်လေ့ကျင့်ခြင်းများနှင့် ဗဟိုရေကစားမဏ္ဍပ်အား သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက (၁၃၈၇)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရန် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)