ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ဈေးနှင့်စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေး စစ်ဆေး

ဒဂုံမြောက် ဧပြီ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက်  အမှတ်(၂၈) ရပ်ကွက်၊ သခင်အုန်းခင်လမ်း၊ အမှတ်(၃)ဈေးနှင့် (၂၇)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ်(၂၇/၉)ရှိ DENKO-2 (စက်သုံးဆီအရောင်းဆိုင်)တို့အား မီး‌ဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ ည‌နေ ၆ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးများအတွင်း၌ မီးဘေးလုံခြုံရေးအတွက် ဈေးပိတ်ချိန်တွင် မီးဖိုသုံးစွဲထားရှိမှု၊ လျှပ်စစ်မီးခလုတ်များ ပိတ်ထားခဲ့မှုရှိ/မရှိတို့အားစစ်ဆေးခဲ့ပြီး စက်သုံးဆီဆိုင်များအား မော်တော်ယာဉ်များ စက်သုံးဆီဖြည့်စဉ် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်းများကို  မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိဦးတင်ထွန်းအောင်ဦးဆောင်၍ သ‌န္ဓေ/အရန်တပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ခံ၊ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှဝန်ထမ်းများ၊ ဆီဆိုင်မန်နေဂျာ/တာဝန်ခံများ၊ ဆီပန့်ကိုင်ဝန်ထမ်းများနှင့်အတူ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် ပြည်သူများမီးဘေးအန္တရာယ်မဖြစ်‌ပေါ်စေရေးအတွက် ပြည်သူများမီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ‌သည်။

မြင့်မြင့်ရီ