ကျောက်တန်း မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုချစ်ဦး ဦးဆောင်သော ကျောက်တန်းမြို့ လူငယ်များအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်း၍ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းနှင့် လက်သန့် ဆေးရည်များ၊ Mask များ ဖြန့်ဝေခြင်းကို ယမန်နေ့ ၁၀နာရီက ကျိုက်မှော်ဝန်းရေလယ်စေတီတော် မြို့ဘက်ကမ်းမုခ်ဦးနှင့် လူစည်ကားရာ နေရာတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံနှံ့နေသော COVID-19 ကိုရိုနာဗိုင်းရပ်ရောဂါကာကွယ်ရေးအတွက် ပြည်သူများအကြား အသိပညာ တိုးပွားစေရန်နှင့် Mask နှာခေါင်းစည်းများ စနစ်တကျ သုံးစွဲနိုင်စေရန် သရုပ်ပြပြီး Mask နှာခေါင်းစည်းများ ဝေငှခြင်း၊ တစ်ဦးချင်း လိုက်နာရမည်အချက်များ ပါဝင်သော အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်များကို စင်ကြယ်အောင် စနစ်တကျ ဆေးကြောပေးခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)