ရေတာရှည် သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင်း Covid-19 ထိန်းချုပ်ရေးကာလ၌ ဆိုင်ထိုင် စနစ်ဖြင့် ပြန်လည်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ချမှတ်ထားသည့် လမ်းညွှန်စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် မှု ရှိ/မရှိကို ယနေ့ မနက်ပိုင်းက မြို့နယ်စားသောက်ဆိုင်များ ဆိုင်ထိုင် ရောင်းချခွင့် ကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ပါဝင်သော စစ်ဆေးရေးအဖွဲ့က စားသောက် ဆိုင်များအနေဖြင့် စည်းမျဉ်းစည်းကမ်း အတိုင်း ဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆောင်ရွက်မှုအားနည်းသည့် ဆိုင်များကို သတိပေးစကား ပြောကြားကာ နောက်နောင် လိုက်နာမှု မရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆု(ပြန်/ဆက်)