နတ်မောက် ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့မစျေးကြီးအတွင်း ပလပ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေး (Campaign) ပြုလုပ်ခြင်းကို ယမန်နေ့နံနက်၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးဆောင်ရွက်ခြင်းဖြင့် မြို့မစျေးကြီးအတွင်း အမှိုက်ကင်းပြီး သန့်ရှင်းသာယာလှပစေရေး ရည်ရွယ်ချက်များဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပလပ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလပ်စတစ်သုံးစွဲမှုလျှော့ချရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းများ လျှော့ချရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဥ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဥ်များ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းနည်းလမ်းများ၊ ပြန်လည်အသုံးပြုခြင်းနည်းစနစ်များကို စျေးရောင်း၊ စျေးဝယ်မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ကြစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ပလပ်စတစ်ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်များ ဖြန့်ဝေခြင်းလုပ်ငန်းများကိုမြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိနှင့် ရုံးဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း