ပွင့်ဖြူ ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ဆယ်အိမ်စုမှူး သင်တန်းဖွင့်ပွဲအခမ်းအနားကို ဧပြီ ၂၄ ရက် ၊ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်မော်မော်ဇင်က ဆယ်အိမ်စုမှူးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်က မိခင်နှင့်ကလေးစာင့်ရှောက်ရေးအသင်းသည် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မိခင်နှင့်ကလေးများ၏ လူမှုရေးစောင့်ရှောက်မှု ပေးခြင်းဖြင့် မိသားစု၏ ဘဝအဆင့်အတန်းမြင့်မားလာစေရန်အတွက် အထောက်အကူပြုရာဖြစ်ကြောင်း ၊ ပညာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပညာရေးကဏ္ဍနှင့် မိသားစု ဝင်ငွေတိုးရေးကဏ္ဍစသည့် အခြေခံလိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သူနာပြုဆရာမ ဒေါ်မြဌေးဝင်းက မျိုးဆက်ပွားကျန်းမားရေးကဏ္ဍတွင် ပါဝင်ကူညီပေးခြင်းအကြောင်းအရာများ၊ အဟာရတိုက်ကျွေးရခြင်းအကြောင်း၊ ကူးစက်နိုင်သောရောဂါနှင့် မကူးစက်နိုင်သောရောဂါများအကြာင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအကြောင်း စသည့် ကျန်းမာရေးဆိုင်များ သိမှတ်ဖွယ်ရာများကို အသိပညာပေးဆွေးနွေးပို့ချခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပညာရေးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များက ပညာရေးဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်းများအကြာင်း၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းများအကြောင်းကို ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းသို့ တက်ရောက်လာကြသည့် အမျိုးသမီးအဖွဲ့ဝင်များက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အမျိုးသမီးအဖွဲ့ဝင် ၃၀ ဦး တက်ရောက်သင်ကြားခဲ့ပြီး ဧပြီ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )