အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး

အင်းစိန် ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားရရှိ‌ပြီးစာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအရောက် စာအုပ်များ သွားရောက်‌ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့တွင် အင်းစိန်မြို့နယ်‌ မွေးမြူရေနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများနှင့် အကျဥ်းဦးစီးဌာနဝန်ထမ်းအိမ်ရာများသို့ သွားရောက်ပြီး သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။

အဆိုပါရွေ့လျားစာကြည့်တိုက်ယာဉ်ပေါ်တွင် စာအုပ်များငှားရမ်းဖတ်ရှုသူများ အဆင်ပြေစေရေးအတွက် စာဖတ်သူအကြိုက် စာအုပ်စာစောင်များကို နှစ်ပတ်တစ်ကြိမ် သွားရောက်ငှားရမ်းပေး‌လျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက အထူးသဘောကျ နှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။

အသိပညာဗဟုသုတများစွာ ရရှိမည့်သုတ/ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ရုပ်ပြစာအုပ်များပါရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ပေးလျက်ရှိရာ ယခင်ငှားရမ်းပေးခဲ့သော စာအုပ်များကို လက်ခံရယူခဲ့ကြပြီး ဆက်လက်ငှားရမ်းပေးခဲ့ရာ ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ထပ်မံလဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)