စမ်းချောင်း ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က သံတံတားရပ်ကွက်၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းငြိမ်းနှင့် ၀န်ထမ်းများက အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်ဖြင့် စမ်းချောင်းမြို့နယ် ရပ်ကွက် (၁၈) ရပ်ကွက်အတွင်း အသက် (၁၈) နှစ် ပြည့်ပြီးသူများ နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးလျက်ရှိရာ သံတံတားရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)