လူထုအခြေပြုဗဟိုဌာန(ဗဟန်း)တွင် အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဗဟန်း ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၊ Community Centre ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီက  လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။                                      

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကား ပြောကြားပြီး စာရေးဆရာမ ပေါက်ပေါက်က  စာပေအမျိုးအစားများအကြောင်း၊ စာပေဖတ်ရှုခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာပေမဖတ်ရှုခြင်းကြောင့် တွေ့ကြုံရသော အခက်အခဲများအကြောင်းကို ​ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ သိရှိစေရန် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောပေးပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပ၍ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။             

ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗဟုသုတ ရစေသော သုတ/ရသ စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သင်းသင်းစိုး (ပြန်/ဆက်)