သာကေတမြို့နယ်၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများ ဆောင်ရွက်

သာကေတ ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် မီးသတ်ဦးစီးဌာနက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၇/အနောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက  တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း အနီးကပ်ကြီးကြပ်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးနေဝင်းထွန်း ဦးဆောင်၍ သန္ဓေ(၅)ဦး၊ အရန်(၅)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ရပ်ကွက်အတွင်း လျှပ်စစ်မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေး အလေးထားဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ နေအိမ်ရေကန်များ ရေအပြည့်ဖြည့်တင်းထားရှိကြရန်နှင့် နေအိမ်များအတွင်း မီး​ဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိတို့အား ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်သူများ မီးအမျိုးမျိုးသုံးစွဲခြင်းကို စနစ်တကျသုံးစွဲတတ်စေရန်၊ မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများထားရှိစေရန်၊ အရေးပေါ်ဖြစ်ပွားလာပါက ချက်ချင်းသတင်းပေးပို့နိုင်ရေးနှင့် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ဝေသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)