မရမ်းကုန်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မရမ်းကုန်း မတ် ၂၀

မရမ်းကုန်းမြို့နယ်အတွင်းရှိ ပြည်သူများလတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာ ဗိုင်းရပ်စ်(COVID-19)ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၀:၀၀နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မရမ်းကုန်းမြို့နယ် ရုံးဝန်ထမ်းများသည် လူစည်ကားရာ ဘူတာရုံ၊ ဆိုက်ကားဂိတ်၊ ကားဂိတ်များသို့ သွားရောက် ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ ကိုလိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) အသိပညာပေး လက်ကမ်းစာစောင်အား ဖတ်ရှုခြင်းဖြင့် ရောဂါ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများနှင့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများကို ကြိုတင်သိရှိနိုင်ပြီး မိမိကစ၍ ကာကွယ်နိုင်မည့် အသိပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)