လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ကာယဉာဏ ပြိုင်ပွဲများ ကျင်းပ

လှည်းကူး ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းသား‌၊ ကျောင်းသူများ နွေရာသီအားလပ်ချိန်များတွင် ခန္ဓာကိုယ်ကြံ့ခိုင်စေရန်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ကာယဉာဏပြိုင်ပွဲများကို ဧပြီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက  လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူထွန်းလင်းက ပြိုင်ပွဲများ ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို ကျင်းပရာ လှည်းကူးမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများက  ဉာဏ်စမ်းပဟေဠိ၊ ဆေးရောင်ခြယ်၊ ခွက်စီခွက်ထပ်နှင့် ဘယ်ခြေညာလက် ပြိုင်ပွဲများကို စိတ်ပါဝင်စား၍ ပျော်ရွှင်စွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့

ကြကြောင်း သိရသည်။

အိရွှေစင်လတ်(ပြန်/ဆက်)