တိုက်ကြီး ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ဦးစီးမှူးမှ အစိုးရသစ်လက်ထက် ရက် ၁၀၀ ကာလအတွင်း လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ရှမ်းစုရပ်ကွက် အ.ထ.က (ခွဲ) မြို့မ (၃) တွင် ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဌေး ဦးဆောင်၍ လက်ထောက်ဦးစီးမှူး ဦးဇော်ဝင်းမောင်နှင့် ဝန်ထမ်းများက ရှမ်းစုရပ်ကွက်အတွင်းရှိ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ ကိုယ်ရေးအချက်အလက်များကောက်ယူခြင်းတို့ဆောင်ရွက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)