ငဖဲမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်

ငဖဲ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး မင်းဘုးခရိုင် ငဖဲမြို့နယ်တွင် အစိုးရသစ်၏ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်းများပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ပေကုန်းကျေးရွာဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးသန်းဌေး၏ ကြီးကြပ်မှုဖြင့်ဝန်ထမ်းများက အသက် ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်လိုသည့် ကျောင်းသားကျောင်သူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆ မရှိသည့်ပြည်သူများအား ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ နိုင် ၃ (က) ဆောင်ရွက်သူ ကျား ၁၈ ဦး နှင့် မ ၆ ဦး စုစုပေါင်း ၂၄ ဦးရှိသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးမှုအား ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဒေါ်ယုယုသိန်း (ဦးစီးအရာရှိ)