ကမာရွတ်မြို့နယ်တွင် ရက် (၁ဝဝ) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ကမာရွတ် ဧပြီ ၂၅

‌ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ပြည်ရိပ်မွန်အိမ်ရာ၊ ဆွမ်းလောင်းဓမ္မာရုံ၌ ကမာရွတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Biographic / Biometric ကောက်ယူ၍ Unique ID နံပါတ် တစ်ပါတည်းဆောင်ရွက်ခြင်း၊ မှတ်ပုံတင်နှင့် UID CARD မပြုလုပ်ရသေးသည့် ပြည်သူများအား အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက် (၁၈) နှစ်ပြည့် မှတ်ပုံတင်လဲလှယ်ခြင်း၊ ဟောင်းနွမ်းပျက်စီးမှတ်ပုံတင်များအား အသစ်လဲလှယ်ပြုလုပ်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့မှုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းသန်း ကမာရွတ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝေဖြိုးမောင်၊ ကမာရွတ်ခရိုင် ခရိုင်ဦးစီးမှူး ဦးမင်းနောင် ကမာရွတ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြင့်သူ၊ YMBA ကမာရွတ်ခရိုင်ဥက္ကဋ္ဌ ဦထွန်းနိုင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အာဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ဦးတို့မှ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့နှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)