မင်္ဂလာဒုံ ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ရက် (၉၀) စပါးမျိုးနွေစပါး (၁၀) ဧက ကိုယ်စားပြုစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။
ထိုသို့ ပြုလုပ်ရာတွင် ရွှေနံ့သာကျေးရွာအုပ်စုပေါင်းကူးကျေးရွာ ကွင်းအမှတ်(၅၃၁)ရှိ တောင်သူဦးပန်းညွှန့်ဧ၏ ရက် (၉၀) စပါးမျိုးနွေစပါး (၁၀) ဧက ကိုယ်စားပြု စံကွက်ရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်းမှာ အခြောက်အထွက်တင်း ၁၂၁.၂၃ တင်း ထွက်ရှိသည်။
ထိုစံကွက်ရိတ်သိမ်းပွဲသို့ မင်္ဂလာဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးထူးကျော်၊ အင်းစိန်ခရိုင်မြေစာရင်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနိုင်ဝင်း၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးထွေးအောင်နှင့်ဝန်ထမ်းများ မြို့တော်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးဖြိုးကိုကိုထူးနှင့်ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တောင်သူများ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)