ပုဇွန်တောင်မြို့နယ်၌ တန်ခူး ကဆုန်နှစ်လစုံမွန်မြတ်ခြင်းနှင့် ဧပရယ်လရဲ့ထူးမြတ်မှု စာပေဟောပြောပွဲကျင်းပ

ပုဇွန်တောင် ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် တန်ခူး၊ ကဆုန်နှစ်လစုံမွန်မြတ်ခြင်းနှင့် ဧပရယ်လရဲ့ထူးမြတ်မှု စာပေဟောပြောပွဲ  အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စာရေးဆရာမ မေဧပရယ်မိုးက စာပေဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး  စာပေဟောပြောမည့် ဆရာကြီး ကျော်စိန်လှိုင်(လက်ခုတ်ကုန်း)၏ အတ္ထုပ္ပတ္တိကို စာရေးဆရာ ဂျွန်ဆွေမှ ဖတ်ကြားခဲ့ပြီးနောက် စာရေးဆရာ ဆရာကြီးကျော်စိန်လှိုင်(လက်ခုတ် ကုန်း)က န်ခူး၊ ကဆုန်နှစ်လ စုံမွန်မြတ်ခြင်းနှင့် ဧပရယ်လ၏ ထူးမြတ်မှုခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသည့် စာပေချစ်သူများက  သိရှိလိုသည်များ မေးမြန်းကြရာ ဆရာကြီးက ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်

ဟောပြောပွဲအပြီးတွင် အခမ်းအနားတက်ရောက်လာသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ် စာစောင်များအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်