သာကေတ ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ဒေသခံပြည်သူများ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့စေရန်အတွက် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိရာယနေ့နံနက် ၁၁ နာရီ၃၀ မိနစ်အချိန်က ၃/ရန်ပြေရပ်ကွက်ရှိ ဗုဒ္ဓဝေယျာဝစ္စဓမ္မာရုံ၌ရက် (၁၀၀)စီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကပ်ပြားများကွင်းဆင်းဆောင်ရွက်သည်။
ထို့သို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာကေတမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများမှအိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းနှင့် Biometric Dataကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များကကြည့်ရှုအားပေးခဲ့ပြီး၊ ပြည်သူများအနေဖြင့် လိုအပ်ချက်မရှိစေ ရေးနှင့် လုပ်ငန်းစဉ်များ သတ်မှတ်ကာလအတွင်း အဆင်ပြေချောမွေ့စွာ ပြီးမြောက်နိုင်ရေး အတွက် လိုအပ်သည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သဲထက်ဇင် (ပြန်/ဆက်)