အင်းစိန် ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက Book Club အဖွဲ့ဝင်များက သုတ/ရသစာပေ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် Book Club အဖွဲ့ နာယက ဦးရန်နောင် (ရန်နောင်-ပညာရေး)၊ အင်းစိန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာနှင့် အင်းစိန်မြို့နယ် စာပေဥယျာဥ်အသင်းဥက္ကဋ္ဌ ဦးတော်မြင့်(တော်မြင့်-ငှက်ဖျား)တို့က အဖွင့်အမှာစကားပြောကြားကြပြီး အင်းစိန်မြို့နယ် စာပေဥယျာဥ်အသင်း Book Club အဖွဲ့ ဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာဗိုလ်သံမဏိတောင်တွင်းကြီး) က စာဖတ်ဝိုင်းပြုလုပ်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အင်းစိန်မြို့နယ် စာပေဥယျာဥ်အသင်း Book Club အဖွဲ့ စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသော “စဥ်းစားမိသောအတွေးများ” စာအုပ်နှင့်ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို တက်ရောက်လာသော စာရေးဆရာများက ပြန်လည် ဆွေးနွေးခဲ့ကြသည်။၊ Book Club အဖွဲ့ နာယက ဦးသက်တင် (မောင်သာတင့် -မြန်အောင်)က ကျေးဇူးတင်စကား ပြောကြားပြီးနောက်၊ အင်းစိန်မြို့နယ် စာပေဥယျာဥ်အသင်း Book Club အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းမြင့်(မောင်မောင်ဝင်းမြင့်-မှုခင်း)က နိဂုံးချုပ်ကျေးဇူးတင် စကားပြောကြားပြီး ဦးဆောင်ဆွေးနွေးပေးသော စာရေးဆရာကို အမှတ်တရလက်ဆောင်များ ပေးအပ်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)