ရန်ကုန် ဧပြီ ၂၆
သန်လျင်ခရိုင် သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသော လူနာများ၊ လူနာစောင့်များနှင့် ဆေးရုံဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက အာဟာရဒါန ကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ထိုသို့ ကျွေးမွေးလှူဒါန်းရာတွင် စေတနာရှင် အဆိုတော် ဦးနေဝင်းကျော် မွေးနေ့အလှူအဖြစ် သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်၍ ဆေးဝါးကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ဆေးရုံဝန်ထမ်းများအား တစ်နေ့တာ အာဟာရဒါနများကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ အာဟာရ၊ ဆေးဝါး၊ အထောက်အကူပြုပစ္စည်းများ လှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့် ရုံးအဖွဲ့ ဖုန်း ၀၉၂၅၄၀၃၂၉၆၈ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)