ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဒဂုံအရှေ့ ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယမန်‌နေ့က အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ အမှတ်(၁၂)ရပ်ကွက် ဓမ္မာရုံတွင် ပြုလုပ်ပေးသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီမှူး ဦးဆောင်၍ ဒုလ.ဝ.က ဦး‌နေမျိုးအောင်‌ ခေါင်းဆောင်သော အဖွဲ့(၂)၊ ဒုလ.ဝ.ကမှူး ဒေါ်သဇင်ခေါင်းဆောင်သော အဖွဲ့(၄)မှ  ရပ်ကွက်အတွင်းရှိ အသက် (၁၀) နှစ်ပြည့်ပြီးသောသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများကို လိုအပ်သော စာရွက်စာတန်း အထောက်အထားများ အိမ်ထောင်စုနှင့် လူဦရေစာရင်းများကို တိုက်ဆိုင်စစ်ဆေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်‌ပေးခြင်း UID၊ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အေးမဉ္ဇူ