လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးမှ အစိုးရသစ်လက်ထက် ရက် ၁၀၀ ကာလအတွင်း စီမံချက်ဖြင့် အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ညောင်ကျေးရွာ၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းတွင် ကွင်ဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရက်(၁၀၀) စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကဒ်များအား  UID (smart card)-၄၇ ဦး၊ နိုင်(၃က)-၄၉ ကဒ်နှင့် နိုင်(၆က)-၃ကဒ်၊ စုစုပေါင်းနိုင်ငံသားကဒ်- ၅၂ ကဒ် တို့ကိုပြည်သူလက်ဝယ်ထံသို့ပေးအပ်ပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး ဦးဆောင်၍ လက်ထောက်ဦးစီးမှူး ဦးမျိုးနေဇာနှင့် ဝန်ထမ်းများက ညောင်ကျေးရွာအတွင်းရှိ အသက် ၁၀ နှစ် နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်း၊ ကိုယ်ရေးအချက်အလက်များကောက်ယူခြင်းတို့ ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်ဝင်းမူ(ပြန်/ဆက်)