ဆိပ်ကြီးခနောင်တို ဧပြီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့မဈေးကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပေးပြောကြားခြင်း၊ လိုက်လံစစ်ဆေးခြင်းပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစောမောင်သန်း၊ လက်ထောက်ဦးစီးမှူး ဦးထွန်းထွန်းအောင်တို့ ဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဈေးတာဝန်ခံများနှင့် ဈေးသူ/ ဈေးသားများအား လျှပ်စစ်မီး၊ မီးဖိုမီးများ စနစ်တကျသတိရှိစွာ သုံးစွဲရေးလျှပ်စစ်မီးခလုတ်၊ ဘတ်ထရီမီးများအား သေချာစွာ စစ်ဆေးအသုံးပြုရေး၊ ဆိုင်ခန်းများတွင် အရေးပေါ်မီးသတ်ဆေးဘူးထားရှိရေး၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းဆက်သွယ်အကြောင်းကြားရေးတို့ကို အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)