ကျောက်တန်းမြို့နယ်၌ နှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ကျောက်တန်း ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေကုန်းရပ်ကွက်အတွင်း နှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်၊၊

အဆိုပါ နှစ် ၈၀ ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို ရပ်ကွက်အတွင်းရှိ အိမ်ခြေ (၁၀၀)အား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ဟောပြောခြင်း၊ အသိပညာပေးခြင်း၊ ဆောင်ရန်ရှောင်ရန်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ်ဆက်သွယ်ရန် မီးသတ်ဖုန်း ၁၉၁ သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးခြင်း၊ 191 Report Software တွင်ကျယ်စွာအသုံးပြုနိုင်ရေး အသိပညာပေးခြင်း၊ မီးဘေးလုံခြုံရေးပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ကျောက်တန်းမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်သူရမျိုး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သီလ၀ါနယ်မြေရဲတပ်ဖွဲ့မှ ၀န်ထမ်းများ၊ မြို့နယ်လျှပ်စစ်မှ ကျွမ်းကျင်ပညာရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)