ဒဂုံတောင် ဧပြီ ၂၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိပုဂ္ဂိုလ်များ ဒဂုံမြိုသစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနသို့ ယမန်နေ့ နံနက်ပိုင်းကလာရောက်ကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့နယ်ကုသရေး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများက ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မြို့နယ်ပြည်သူ့ဆေးရုံရှိ ဆောက်လုပ်ဆဲလုပ်ငန်းရပ်တန့်နေသော တိုးချဲ့နှစ်ထပ်ဆောင်သစ် ဆောက်လုပ်ခြင်းလုပ်ငန်း ပြန်လည်စတင်နိုင်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များအား ပြည်သူလူထုတိုက်ရိုက်အကျိုးရရှိအောင် ထိထိမိမိဆောင်ရွက်ရေး စသည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းနှင့် တွေ့ဆုံပွဲသို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့် နှီးနွယ်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သန်းသန်းအေး (ပြန်/ဆက်)