ရန်ကုန် ဧပြီ ၂၇
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီး၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် စျေးပိတ်ချိန်တွင် တာဝန်ရှိသူများမှ ယမန်နေ့ ညနေ (၆) နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဝင်း ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ရှိသူများပူးပေါင်းကာ စျေးအတွင်း မီးသတ်ပစ္စည်းများထားရှိမှု၊ လျှပ်စစ်ဝါယာကြိုများသွယ်တန်းထားရှိမှု၊ မီးသတ်ဆေးဗူးများထားရှိမှုတို့နှင့် စျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)